Please edit 468x60.inc file in your theme folder and add Google or other 468x60 ad code.
Featured Posts

မသိခြင်းများတွင် ကိန်းအောင်းနေသော

မသိခြင်းများတွင် ကိန်းအောင်းနေသော

အရှိန်က ပြင်းလွန်းနေသည်။ “မြန်သည်”ဟူသော စကားကို လျှော့တွက်ထား၍ ရအောင်ပင် အရှိန်က ပြင်းလွန်းနေသည်။ တစ်ယောက်တည်း ထိုင်ရသည်ကို မသိုးမသန့်ဖြစ်လာ၍ နောက်လှည့်ကြည့်မိသည်။ လူတစ်ယောက်မျှ မရှိ။ အံ့သြ၍ရနိုင်လောက်သည်အထိ လူတစ်ယောက်ဆို တစ်ယောက်မျှမရှိ။ တက်လာစဉ်က သတိမပြုမိဘဲ ယခုမှ သေချာကြည့်မိသောအခါ စိတ်က သရိုးသရီဖြစ်လာသကဲ့သို ခံစားရသည်။ ဈေးဝယ်လှည်း နီနီလေးကို ဆွဲပြီးလာတတ်သော မိန်းမကြီးငယ်တို့လည်း မရှိ၊ ဘောင်းဘီတိုနဲ့ တက်လာတတ်သော အဘိုးကြီးများလည်း မရှိ၊ ဆူညံပွက်လောကို ခပ်သွက်သွက်ရိုက်လာကြသော တူညီဝတ်စုံများနှင့် ကျောင်းသူကျောင်းသားငယ်များလည်း မရှိ၊ နားကွင်းကြီးကြီး၊ နှုတ်ခမ်းရဲရဲနှင့် ဟန်ပန်ဖြည့်ထားတတ်သော မိန်းမရွယ်များလည်းမရှိ၊ မတ်တပ်ရပ်နေရင်းနှင့် ပီအက်စ်ရယ်မှ ပီကာ အချိန်မဖြုန်းတတ်သော လူငယ်များလည်းမရှိ၊ နားကြပ်နှစ်ဖက်တတ်ပြီး မျက်နှာထားတင်းတင်းနှင့် ကျောပိုးအိတ်လွယ်ထားတတ်သော ကောင်မလေးများလည်းမရှိ၊ ကွိစိကွစများကို လူမျိုးခြားနားထဲဝင်ရန် ခက်လွန်းလှသော စကားသံဖြင့် [...]

Read More

မြန်မာစာချစ်သူ ၃ (ဘုရားစူးမြန်မာစာ)

မြန်မာစာချစ်သူ ၃ (ဘုရားစူးမြန်မာစာ)

တစ်ခါတိုင်း အခထည့်သွင်းပေးခြင်း
မင်းသည် အခမဲ့ဆုသုံးနိုင်ပြီး
တယ်လီဖုန်းဆက်သောအချိန်
နေ့ရောညပါ စကားစမြည်ပြော
အဲဒါဘာရေးထားလဲ နားလည်ကြလားဟင်။ ဟုတ်ကဲ့.. နေ့အိပ်မက်လည်း စစချင်းဖတ်တုန်းက နားမလည်လို့ မြန်မာရေးထားတဲ့ မြန်မာစကားမှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိတယ်။ ရှိသေးတယ်။
မင်းသည် easy Mobileနဲ့ အခထည့်သွင်းပေးလျှင် INQ Mini 3G အလုံး 200 ဆုနှိုက်သောအခွင့်ရှိပါသည်။
ဆုနှိုက်သောအခွင့်ဆိုပဲ။ ဘာအဓိပ္ပာယ်လဲမသိ။ @_@
အဆိုးဆုံးတစ်ခုကတော့
ပိုများသောခမဲ့ဖုန်းသည် လူတွေများအားလုံးကို ပိုမို၍ရင်းရင်းနှီးနှီးစွာ ဆက်သွယ်ကြစေသည်။
အခမဲ့ကိုလည်း မှန်အောင်မရေးဘူး။ ရင်းရင်းနှီးနှီးဆိုတဲ့ ကြိယာဝိသေသနကြီးနောက်မှာလည်း ကြိယာဝိသေသနထပ်ဖြစ်အောင် “စွာ”ထပ်ထည့်ထားတယ်။ ။ “လူတွေများအားလုံး”ဆိုတာကလည်း ဘယ်ဘာသာစကားလဲမသိ။
Terms & Conditionကို ဘာသာပြန်ထားတာက…
သက်ဆိုင်သောစည်းကမ်းချက်။
ဆုလက်ခံခြင်းသည် လှုပ်ရှားမ နှင့်ပတ်သက်သောဘယ်ဆိုင်မှမဟူရနိုင်ပါသည်။ ထူးခြားသောပုံနှိပ်မ ပါသည့်SingTelSuperHOT$128ဿBonus$30နှင့်$20အခပေးလက်ကိုင် ဖုန်းကတ်ပြား မူလကိုတင်ပြရမည်။ ဆုလက်ခံသောကတ်ပြား Sheng Siongဆိုင်သည် ပြန်သိမ်းသည်။ အခမဲ့ShengSiongကုန်ပစ္စည်းတွေ2010ခုနှစ် လ24ရက်နေ့မရောက်မီတောင်းခံထုတ်ယူရမည်။ ပထမဦးဆုံးရောက်လျှင်ပထမဦးဆုံးယူလိုက်မည်။ ကုန်အောင်ပို့ရမည်။(အခမဲ့1.5 [...]

Read More

ကြိုစိတ်ကူးနဲ့ သူ့ပုံရိပ် (ကြိုစိတ်ကူး)

ကြိုစိတ်ကူးနဲ့ သူ့ပုံရိပ် (ကြိုစိတ်ကူး)

သုံးထပ်တိုက်အဆောက်အအုံငယ်တစ်ခု။ ခပ်လွင်လွင်အစိမ်းရောင် သုတ်ထား၍ တက်ကြွရွှင်လန်းမှုကို သရုပ်ပြနေသော အဆောက်အုံငယ်ပင်။ ထိုအဆောက်အအုံငယ်ထဲသို့ဝင်ရမည့် ရှေ့တံခါးပေါက်တွင် ခပ်စိမ်းစိမ်းမျက်လုံးများဖြင့် သက်သေခံကတ်ပြားကို တောင်းကြည့်မည့်သူ၊ ခပ်ရင့်ရင် စကားလုံးများဖြင့် “လုံခြုံရေး”ကိုအကြောင်းပြပြီး ဘ၀င်မြင့်မည့်သူများမရှိ။ ထိုသူတို့အစား တက်ကြွနူးညံ့သောအပြုံးတို့ဖြင့် ခပ်မတ်မတ်ရပ်နေသည့် ကြိုဆိုရေးဝန်ထမ်း ရှိနေလိမ့်မည်။ မြန်မာပြည်ကို ကိုယ်စားပြုသော်လည်း အစိုးရအထက်တန်းကျောင်းများတွင်မဟုတ်လျှင် မကြားရနိုင်သော “မင်္ဂလာပါ”ဟူသည့် နှုတ်ခွန်းဆက်စကားကို ချိုချိုသာသာ ကြားရပြီးလျှင် ထိုအဆောက်အအုံထဲသို့ ရောက်ပြီဖြစ်သည်။ အေးမြသောလေအထိအတွေ့နှင့်အတူ လုံခြုံရေးစက်တစ်ခုအတွင်းသို့ဖြတ်ပြီး၊ မိမိအိတ်ကို လုံခြုံရေးစက်ထဲသို့ထိုးသွင်းပြီးလျှင် ၀င်ရောက်ခြင်းကိစ္စပြီးဆုံးပြီဖြစ်သည်။ သေမှုသေခင်းကျူးလွန်လုဆဲဆဲလူမျိုးကို ကြည့်တတ်သော မျက်လုံးများမရှိ၊ မိန်းကလေးအိတ်များကို အတင်းဖွင့်ရှာ၍ မတော်ရာများ မြင်လိုက်ရသော အဖြစ်မျိုးမရှိ။
ဝင်လိုက်သည်နှင့် ပထမဆုံးတွေ့ရမည်က အလိုအလျောက်စာအုပ်အပ်သည့် နေရာ။ ယင်းဘေးတွင်က သတင်းထုတ်ပြန်သည့် ဆိုင်းဘုတ်များရှိမည်။ စာကြည့်တိုက်မှ ထုတ်ပြန်သည့်သတင်းမျိုးကို အစိမ်းရောင်ဘောင်ခတ်ထားသော ကတ္တီပါပြားတွင် ကပ်ပေးမည်ဖြစ်ပြီး အဖွဲ့ဝင်များထုတ်ပြန်လို့သည် [...]

Read More

သူငယ်ချင်း

သူငယ်ချင်း

ငယ်ကစလက်ယှက်တွဲ
ခက်ခဲလည်း ဖြတ်ကျော်
တစ်သက်မြဲ မှတ်ခေါ်တာ
ပြတ်ရော်ရန် မမှန်း။
တူပြေးကာ ခေါ်ကစားရယ်
ပျော်တပါး ဖြစ်ပုံအလွမ်း
သင်အံကာ တူကျက်မှတ်တယ်
ဖြူသက်ထပ် ချစ်ပုံရယ်ဆန်း
ခါတလေ ရန်ဖြစ်တမ်းတို့
မှန်အချစ်စမ်း ကစားတယ်
မကြာပါ ပြန်ကာခေါ်လို့
မြန်စွာပျော် ကလေးရွယ်
ကံကြမ္မာ ပြန်ကာလည်သည်
မြန်မကြာတယ် ခွဲရလို့
စွဲတသ လွမ်းကာရယ်
တမ်းတလာတယ်။
ရင်ထဲဝယ်တော့ ရှိကြမယ်ထင်
သတိရလွယ်ရင် တွေ့ဖို့မှန်းတယ်လေး။

စာကြွင်း။    ။ရေးထားတဲ့စာတွေက တန်းလန်းတွေဖြစ်နေပြီး ကဗျာလည်း မတင်ရတာကြာလို့ ၂၀၀၆တုန်းက ရေးထားတဲ့ကဗျာပြန်တင်လိုက်တာ။
(ပုံများယူထားသည့်နေရာများကို ချိတ်ဆက်ထားပါ၍ သိချင်လျှင် နှိပ်ကြည့်နိုင်ပါသည် )

Read More

ငယ်ငယ်တုန်းက

ငယ်ငယ်တုန်းက

သုံးနှစ်သမီး
ဖေဖေနဲ့ မေမေက “ငါ့သမီးလေး အိမ်သာဝင်တာ ကြာလိုက်တာ”ဆိုပြီး လာချောင်းတော့ အိမ်သာတစ်ခုလုံး မစင်တွေပေပွေနေအောင် နေ့အိပ်မက်သောင်းကျန်းထားတယ်တဲ့။ (ရှက်လိုက်တာ )
လေးနှစ်သမီး
မေမေက အဲဒီတုန်းက အလှပြင်ဆိုင်ဖွင့်ထားတာဆိုတော့ ဆုံလည်ထိုင်ခုံကြီး ရှိတာပေါ့။ မှတ်မိသေးတယ် အနီရောင်ကြီး။ လှည့်လို့ကောင်းတော့ အဲဒီခုံကို တအားသဘောကျတာ။ ခုံက ကျောမီနဲ့ ဖင်ထိုင်ကြားမှာ အဟလေးရှိတယ်လေ။ အဲဒီထဲကို နေ့အိပ်မက်က ခေါင်းထိုးကြည့်လိုက်တယ်။ ပြီးတော့ ပြန်ထုတ်တယ်။ “ဟား ပျော်စရာကြီး”ဆိုပြီး ၀မ်းသာအားရနဲ့တစ်ခါထပ်ထည့်တယ်။ ပြန်ထုတ်တော့လည်း ရသေးတာပဲ။ “မိုက်တယ်ပေါ့”ဆိုပြီး နောက်တစ်ခါလည်း ထည့်ရော..  ဘယ်ကနေဘယ်လိုဖြစ်သွားသလဲ မသိပါဘူး.. ပြန်ကို ထုတ်လို့မရတော့ဘူး (သိပ်မသောင်းကျန်းရှာဘူးနော်)။ အဲဒါ ဘေးမှာရှိနေတဲ့ ကိုကိုနဲ့ အစ်မ၀မ်းကွဲက ၀ိုင်းဆွဲထုတ်တာပေါ့။ နေ့အိပ်မက်လေးနှစ်ဆိုတော့ ကိုကိုက ခုနနှစ်၊ ၀မ်းကွဲအစ်မက ငါးနှစ်။ သူတို့နှစ်ယောက်က [...]

Read More

အိမ်လွမ်းသူ

အိမ်လွမ်းသူ

အထဲဝင်လိုက်သည်နှင့် အေးစိမ့်သွားသော အထိအတွေ့က တစ်ကိုယ်လုံးကို ဖျတ်ရိုက်လိုက်သည့်နှယ်။ ပြတင်းပေါက် ခပ်ကြည်ကြည်မှ မြင်ရသော မိုးရေစက်များက စိမ့်စိမ့်ပြီး ခဲလုနီးပါး အေးရသည့်အကြောင်းအရင်းကို သက်သေခံရင်း ကခုန်ပြနေသကဲ့သို့ ခံစားရသည်။ သက်သောင့်သက်သာ ရပ်နေထိုင်နေသော ကိုယ်ခန္ဓာများ၊ သက်ကြီးရွယ်အိုတက်လာသည်ကို မကြားချင်ဟန်လုပ်နေသော နားကြပ်များဆို့ထားသော နားရွက်များ၊ ကွိစိကွစ တရုတ်တောစကားများ၊ အရာရာတိုင်းက သူ့ကို လွမ်းရေးငယ်ဖန်နေသကဲ့သို့ပင်။
“ဆူးလေ.. ဆူးလေ.. စိုက်ပျိုးရေး၊ ဟံသာဝတီ၊ မဟာမြိုင်၊ မြေနီကုန်း၊ ဟယ်လ်ပင်၊ ပဲခူးကလပ်၊ စိန်ဂျွန်း၊ စံပြ၊ သံဈေး၊ သိမ်ကြီးဈေး၊ ဆူးလေ.. ဆူးလေ၊ ထိုင်စီးရမယ်၊ ထိုင်စီးရမယ်နော်.. ဆူးလေ.. ဆူးလေ”
မိုးရေစက်များကိုမမှုဘဲ လူခေါ်နေသော ယာဉ်နောက်လိုက်၏အသံက ထူးထူးခြားခြား ချိုမြနေသည်။ သံစုံမြည်နေသော ကားကြီးကလည်း ချစ်ဖွယ်အသွင်ဆောင်နေသည့်နှယ်ပင်။ ငါးဆယ်တန်ရှာထုတ်လိုက်ပြီး ထီးကိုပိတ်ကာ ကားပေါ်တက်ရန် [...]

Read More

စမ်းသပ်ခန်းထဲမှ အိပ်မက်ဆိုးတစ်ပိုင်း

စမ်းသပ်ခန်းထဲမှ အိပ်မက်ဆိုးတစ်ပိုင်း

“နင်ပဲစား နင်ပဲစား၊ နောက်ဆုံးလို့ သတ်မှတ်ပြီးစား”
“အေး နောက်ဆုံးမို့လို့ကို စားနေတာ၊ နင်ပဲမစားချင်နေ”
မိသက်က “အစာ”ဟူသော ဝေါဟာရကို ဆယ့်ခြောက်ရက်မျှ မကြားဖူးသည့်နှယ် ပလုတ်ပလောင်းဟူသော ဝေါဟာရနှင့် ဆွေမျိုးစပ်ပစ်လိုက်သည်။
“ငယ်လေး နင်ရော ဒီမှာ ဘာရပ်လုပ်နေတာလဲ၊ သူရော”
မိုးဖြူက လျှပ်ပြက်သလို ငယ်လေးဘေးရောက်ချလာပြီး မေးခွန်းများကို စက်ရုံထဲမှလှိမ့်ထုတ်နေသည်။
“နင်က ဘာမှမစားဘူးလား၊ ဒီဟာတွေက နောက်ဆုံး မုန့်ဟင်းခါးတို့၊ နောက်ဆုံးထောပတ်ထမင်းတို့ ဖြစ်သွားမှာနော်”
“ငယ်လေးရယ်၊ တွေးမနေစမ်းပါနဲ့၊ လာလာ စား၊ စားပြီးရင် ဆော့မယ်၊ ကစားမယ်၊ ပြီးရင် ခြံထဲမှာ သောင်းကျန်းမယ်လေဟာ”
“မိုးဖြူရယ်၊ နင့်ကြည့်ရတာ မောလိုက်တာ၊ ငါ့ချစ်က ငါ့အတွက် စာအုပ်တွေ သွားသယ်ပေးနေတာဟ၊ ငါက ကိုထွန်းတို့၊ ဆုဝေတို့ကို စောင့်နေတာဟ။ နောက်ပြီး နွယ်နွယ်တို့ အုပ်စုလည်း ကျန်သေးတယ်။ လူကြီးတွေကတော့ ညနေမှ လာကြမယ်ထင်တယ်”
“အေးနော်.. ဟုတ်တော့လည်း [...]

Read More

ပြောင်းပြီးလဲဖို့ ၎

ပြောင်းပြီးလဲဖို့ ၎

SEAchange ကိုဘယ်လိုရောက်သွားတာလဲ ရှင်းပါ့မယ် ဒန် တန့် တန့်
မနန်းညီက fbက သူ့မှတ်စုထဲမှာ လင့်ခ်တစ်ခု တင်ထားပြီး ဒီလင့်ကိုကလစ်နှိပ်ရင် နိုင်ငံခြားသွားဖို့ အခွင့်အရေးများတယ်ဆိုလို့ နှိပ်ပေးကြပါဆိုပြီး တင်ထားတာ တွေ့ပါတယ်။ အဲဒါနဲ့သွားကြည့်တယ်။ သူက ထုံးစံအတိုင်းမှတ်ပုံတင်ခိုင်းတာပေါ့။  အဲဒီတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ မှတ်ပုံတင်ပြီးတော့ သူက မေးခွန်းသုံးခုဖြေခိုင်းပါတယ်။

ကိုယ့်တစ်ယောက်တည်းနဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ဘာတွေပြောင်းလဲချင်လဲ
၂၀၁၅ခုနှစ်မှာ ကိုယ့်နိုင်ငံကို ဘယ်လိုအပြောင်းအလဲတွေနဲ့ မြင်ချင်လဲ
ဒီအပြောင်းအလဲတွေအတွက် ကိုယ်က ဘာအထောက်အပံ့ပေးချင်လဲတဲ့

အဲဒီတုန်းက ဖြေသာဖြေလိုက်တာ ဘာတွေမှန်းမသိဘူး။ ပြီးတော့ ပစ်ထားလိုက်တာပေါ့။ နောက်သုံးပတ်လောက်ကြာပြီး တစ်ရက်ကျတော့ ဓာတ်ချောစာထဲကို စာတစ်စောင်ဝင်လာတယ်။ SEAchangeက လူ၅၀၀ရွေးဖို့ လက်တစ်ကမ်းပဲလိုပါတော့တယ်တဲ့။ အောက်က အသေးစိတ်အချက်အလက်တွေကို ဖြည့်ပြီး ပြန်ပို့ပေးပါတဲ့။ ပြီးတော့ youtube မှာလည်း ဒီပွဲကို လာမယ့် လူဆယ်ယောက်ထဲက ကိုယ်ကြိုက်တဲ့ တစ်ယောက်ကို [...]

Read More

ပြောင်းပြီးလဲဖို့ ၃

ပြောင်းပြီးလဲဖို့ ၃

အပြောင်းအလဲ

“အပြောင်းအလဲ”ဟူသော ဝေါဟာရကို မည်သို့နားလည်လက်ခံပါသနည်း။ မည်သို့ တွေးတောသုံးသပ်လိုပါသနည်း။ မည်သို့ ဆင်ခြင်သည်ဖြစ်စေ၊ “အပြောင်းအလဲ”ဟူသည် ယေဘုယျအားဖြင့် သာမန်အခြေအနေ၊ အဖြစ်အပျက်ကို ခြားနားကွဲပြားအောင်လုပ်ခြင်းဟု ဖွင့်ဆိုနိုင်ပေလိမ့်မည်။ မြန်မာအဘိဓာန်ကမူ “ပြောင်း” ဟူသည့် ကြိယာကို “၁၊ တ‍ဈ​နေ​ရာ​မရ တ‍ဈ​နေ​ရာ​သို့ ရေိံ့​သ‍ညျ။ ၂၊ အ္လေခ​အ​နေ​တ‍ဈ​ခု​မရ အ္လခား​အ္လေခ​အ​နေ​တ‍ဈ​ခု​သို့ င်္ရေံ့​သ‍ညျ။ ၃၊ ရရိ​ရ‍င်း တ‍စ်​ခု​ၙ႐‍င့် အ​ႅခား​တ‍စ်​ခု​ကုိ​လ႐‍ယ်​သ‍ည်။” ဟုအနက်ဖွင့်ထားသည်။
အပြောင်းအလဲကို နှစ်ခြိုက်သူနဲ့ ကြောက်ရွံ့သူ၊ မည်သည့်ဘက်က ပိုများမည်ဟု ယူဆလိုပါသနည်း။ အပြောင်းအလဲကို မက်မောပါသလော။ ပြောင်းလဲတတ်သူတို့ကို ကဲ့ရဲ့လိုပါသလော။
အရှေ့တောင်အာရှ
အာရှတိုက်၏ ယဉ်ကျေးမှုတို့ စုဝေးရာ ဆယ်နိုင်ငံတို့ ပေါင်းစုထားသော နယ်မြေ……။ ဆင်တူပြီး [...]

Read More

ပြောင်းပြီလဲဖို့ ၂

ပြောင်းပြီလဲဖို့ ၂

ပထမနေ့ ပြန်လာတော့ လူက တော်တော့်ကို ဟိုက်နေပြီ။ ဆယ်နာရီထိုးခါနီးလောက်မှာ ဟိုတယ်ပြန်ရောက်တော့ ညစာကို အဲကျမှ စားရတာလေ။ ဟိုတယ်နားက မလေးရှားကုလားဆိုင်မှာ သွားစားကြတယ်။ မားမားဆိုလားမသိပါဘူး ဆိုင်နာမည်က။
၂၀၀၉ နိုဝင်ဘာ ၁၇
မနေ့က အိပ်ရာထနောက်ကျထားတော့ ဒီနေ့စောစောလုပ်မယ်ပေါ့ဆိုပြီး အစောကြီးထပြီး သူတို့ပြောတဲ့အတိုင်း ၅နာရီခွဲအရောက်အောက်ဆင်းသွားတာ ဟိုတယ်ဝန်ထမ်း သုံးယောက်ကလွဲပြီး ကျန်တဲ့သူတွေ အရိပ်ရဲ့ ဆယ်ပုံတစ်ပုံတောင်မမြင်ရဘူး။ တကယ်ပဲ.. သက်သက် အိပ်ငိုက်အောင်လုပ်တယ်။
ဒီနေ့က မြန်မာဝတ်စုံဝတ်ထားတာဆိုတော့ မနက်မိုးလင်းကတည်းက ဓာတ်ပုံတွဲရိုက်ချင်ကြတဲ့သူအများကြီးပဲ။ ။  လူ၅၀၀ထဲမှာ မြန်မာဆိုလို့ ၅ယောက်ပဲရှိရတဲ့အထဲ မိန်းကလေးက တစ်ယောက်တည်းဆိုတော့ မြန်မာဝတ်စုံဝတ်တဲ့သူကလည်း တစ်ယောက်တည်းပဲ ရှိတော့တာပေါ့။ ကျန်တဲ့ ကိုးနိုင်ငံထဲက ဗီယက်နမ်ရယ်၊ ကမ္ဘောဒီးယားရယ်၊ အင်ဒိုနီးရှားရယ်ပဲ ရိုးရာဝတ်စုံဝတ်တယ်။ ကျန်တဲ့ ခြောက်နိုင်ငံကတော့ ၀တ်ရပဲခက်တာလား၊ မ၀တ်ချင်ကြလို့လားတော့မသိဘူး။ ဘယ်သူမှ [...]

Read More

ပြောင်းပြီးလဲဖို့ (၁)

ပြောင်းပြီးလဲဖို့ (၁)

၂၀၀၉ နိုဝင်ဘာ ၁၅
မနက်လေးနာရီလေးဆယ့်ငါး အိပ်ရာကထပါတယ်။ အိပ်ချင်မူးတူးနဲ့ ပြင်ပြီးဆင်ပြီးတော့ လေယာဉ်ကွင်းရောက်တော့ ငါးနာရီခွဲလောက်ရှိပြီပေါ့။
လေယာဉ်က ခြောက်နာရီ နှစ်ဆယ့်ငါးမှထွက်တာ။ air-asiaစီးရမယ်အောက်မေ့နေတာ jetstarကြီး။ ။
လေယာဉ်ကွင်းမှာလည်း seachangerတွေ စုစုစုစုနဲ့ပေါ့။ ပြီးတော့ ကွာလာလမ်ပူရောက်တော့ ရှစ်နာရီထိုးလောက်ရှိပြီထင်တယ်။ အကုန်လုံး လေယာဉ်ကွင်းရထားစီးပြီးသွားကြတယ်။ နောက်တော့ လူဝင်မှုကြီးကြပ်ရေးဝင်၊ ဟိုလုပ်ဒီလုပ်ပေါ့။ နောက်တော့ ကြိုမယ့်သူရှာတာ.. သူတော့ကြိုပြောထားတော့ ဆံပင်နီနီနဲ့ ကောင်မလေးကိုရှာတဲ့။ သွားတွေ့တော့ အသားမည်းမည်းနဲ့ လူကြီး ။ ဘာပဲပြောပြော ’seachange’ ဆိုတဲ့စာလုံးကိုင်ထားတော့ အတည်ယူရတာပေါ့။ နောက်အားလုံးပေါင်းလူစုမိတော့ ၁၅ယောက်ပဲရှိတယ်။ တကယ်အရွေးခံရတာက ၁၇ယောက်လေ။ နောက်တော့ သူတို့ဟိုတယ်ကိုလိုက်ပို့တယ်။ ancasaဆိုတော့ အားရ၀မ်းသာဖြစ်နေတာ။ ပြီးလည်းပြီးရော malayaဆိုလို့ ကိုယ့်ပစ္စည်းကိုယ်သယ်ပြီး ကိုယ့်ခြေထောက်ကိုယ်သုံးလို့ ရွေ့လိုက်ကြရသေးတယ်။
အခန်းဖော်က indiaကတဲ့။ ဗီယက်နမ်မလေးနဲ့ တူတူမနေရလို့ [...]

Read More

ကွန်ယက်ပေါ်မှ ပီတိစားသူများ

ကွန်ယက်ပေါ်မှ ပီတိစားသူများ

ကျွန်မတို့သည် စာလုံးများနှင့် အိမ်ဆောက်နေကြသည်။
ရှေးရှေးက မှတ်တမ်းမှတ်ရာအတွက် ကျောက်ထက်အက္ခရာတင်ကြသည်။ ဘေဘီလုံတွင် ရွှံစေးပြားများပေါ်တွင် စာရေးထိုးကြသည်။ ထို့နောက် ပေချပ်ပေလွှာများအဖြစ်သို့ပြောင်းလဲလာသည်။ စက္ကူကို  တီထွင်ဖန်တီးတတ်လာကြသောအခါတွင်မူ  စာအုပ်ဟူသည် ဦးနှောက်ရှိသောသူတို့အတွက် အဖိုးတန်ရွှေထုပ်ဖြစ်လာသည်။ စာရေးသူကို ပညာရှိက၀ိဟု သဘောထားကြသော ခေတ်ကို ဖြတ်သန်းလာခဲ့ဖူးကြသည်။
ကျွန်မတို့သည် စကားလုံးများကို စားသုံးနေကြသည်။
နည်းပညာဟူသော လက်သည်ကြောင့် စက္ကူသည် စာရေးခြင်းအလို့ငှာ အကောင်းဆုံးကြားခံနယ် အဖြစ်မှ လျှောကျခဲ့ရသည်။ ကလောင်တံ၊ မင်တံများအစား အက္ခရာများ ကပ်နှိပ်ထားသော ခလုတ်ငယ်များ၊ မွှေးရနံ့နှင့် စက္ကူများအစား ခပ်တောင့်တောင့် ဖန်သားပြင်များက အစားဝင်လာကြသည်။ ထိုအခါ ကွန်ယက်ပေါ်တွင် ပညာရှိက၀ိများ မှိုလိုထွက်ပြူလာကြတော့သည်။
ကျွန်မတို့သည် စကားလုံးများကြားတွင် ပျော်မွေ့နေကြသည်။
နှလုံးသားမှ စိမ့်ယိုကျသည်တို့ကို ဝေါဟာရအဖြစ်ပြောင်းလဲပြီး ဦးနှောက်မှ လျှံထွက်လာသည်တို့ကို စကားလုံးအဖြစ် တန်ဆာဆင်သည်။ တစ်ခါတစ်ရံ သူတစ်ပါး၏ အနုပညာများကို အငှားသုံးကြပြီး ရံဖန်ရံခါတွင် [...]

Read More

ဖြေပေးကြမလား

ဖြေပေးကြမလား

အိမ်း မဖြစ်ချေတော့ဘူး.. ဒီလောက်ကြော်ငြာ ၀င်လည်းမရ… သွားကြည့်ခိုင်းလည်း မဖြေနဲ့..
ကဲ ဒီလင့်ကို သွားတော်မူကြပါကုန်…
နေ့အိပ်မက်ကို အထင်အမြင်လေးပြောချင်ရင်…

Read More

ကိုယ်ယုံကြည်ရာ

ကိုယ်ယုံကြည်ရာ

လူသားတစ်ဦး
နာဂစ်မုန်တိုင်းတိုက်ပြီးစ သွားလာရန် ယာဉ်ရထားရှားပါးနေသောအချိန်တွင် သင့်ကိုစိုးရိမ်၍ ကားနှင့်တစ်နာရီမျှသွားရမည့်ခရီးကို မရောက်ရောက်အောင်လာပေးမည့်သူတစ်ဦးကို ပိုင်ဆိုင်ဖူးပါသလော။
သင်အလိုဆန္ဒရှိသမျှကို စွမ်းနိုင်သမျှဖြည့်ဆည်းပေးမည့်သူကို ရရှိထားပါသလော။
အိပ်မက်များပျက်သုဉ်း၍ စိတ်အင်အားတို့ အ၀ီစီထိုးဆင်းနေချိန်တွင် ကျောက်သားကဲ့သို့ခိုင်မာသည့် ရင်ခွင်တစ်ခုအတွင်း အနားယူမှေးစက်ဖူးပါသလော။
မည်သူနှင့်မဆို အကြောင်းတစ်စုံတစ်ရာကြောင့် တိုက်ခိုက်အငြင်းပွားရချိန်တွင် မိမိဘက်မှ အခိုင်အမာ ရပ်တည်အားပေးမည့်သူကို ကံကြမ္မာက လက်ဆောင်ပေးထားပါသလော။
ပိုင်ဆိုင်ဖူးပါသည်။ ရရှိထားပါသည်။ မှေးစက်ဖူးပါသည်။ လက်ဆောင်ပေးထားပါသည်။
ထို့ကြောင့် ထိုလူသားတစ်ဦးကို ကျွန်မယုံကြည်ပါသည်။
အိပ်မက်များ
ကျားက သားကောင်ရရန် အိပ်မက်မက်သည်။ သမင်က ထွက်ပြေးလွတ်မြောက်ရန် အိပ်မက်မက်သည်။ လိပ်က ယုန်ကိုနိုင်ရန် အိပ်မက်မက်ကောင်းမက်မည်။ ယုန်က အနားယူမှေးစက်သည့် အိပ်မက်မက်လိုလိမ့်မည်။ စကားလက်က မနက်ဖြန်အတွက် အိပ်မက်မက်ခဲ့သည်။ အဲလစ်စ်က ဖဲချပ်များကို အိပ်မက်မက်ဖူးသည်။ အက်ဒီဆင်က လျှပ်စစ်မီးကို အိပ်မက်မက်ခဲ့သည်။ လင်ကွန်းက လွတ်မြောက်ရေးအတွက် အိပ်မက်မက်ခဲ့သည်။ သင်က………………………………………….. အိပ်မက်မက်သည်။ ကျွန်မက………………………………………….. အိပ်မက်မက်သည်။
အိပ်မက်ဟူသည် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာအထိ [...]

Read More

အင်း…. စဉ်းစားကြည့်ရရင်

အင်း.... စဉ်းစားကြည့်ရရင်

ရေခဲသေတ္တာကို ဖွင့်လိုက်တယ်။ နွားနို့ဘူးထုတ်ဖို့… ။ ခွက်ထဲနွားနို့ထည့်ပြီးတော့ ဘူးကိုပြန်ထည့်လိုက်တယ်။ ရေခဲသေတ္တာကို ပြန်ဖွင့်ရင် ကောင်းမလား စဉ်းစားသေးတယ်။ နွားနို့ဘူး အဖုံးမစေ့ဘူး ထင်လို့လေ။ အင်း.. ပြန်ဖွင့်စရာလိုလို့လား။ တော်ပြီ မဖွင့်တော့ပါဘူး။ နေဦး.. တစ်ယောက်ယောက်ဖွင့်လိုက်လို့ မှောက်ကျသွားရင် ဘယ်လိုလုပ်မလဲ။ နွားနို့တွေ ကြမ်းပြင်ပေါ်ကျကုန်မှာ……။ ပြန်ယူပြီး ပိတ်လိုက်တာပဲ ကောင်းပါတယ်။ အင်း.. ရေခဲသေတ္တာပြန်ဖွင့်မယ်။ မဟုတ်သေးပါဘူး… လိုလို့လား ပြန်ဖွင့်စရာ။ ခုပဲ နွားနို့သောက်ချင်လို့ လာယူတဲ့ဟာ။ အဖုံးပြန်ပိတ်မယ်ဆို ရေခဲသေတ္တာတံခါးကို ပြန်ဖွင့်ရဦးမယ်။ နွားနို့ဘူးကို လှမ်းယူရဦးမယ်။ ပြီးသွားရင် တံခါးကို
ပြန်ပိတ်ထားရမယ်။ ပြီးရင် အဖုံးစေ့အောင် ပိတ်ရဦးမယ်။ ပြီးရင်တစ်ခါ တံခါးပြန်ဖွင့်ရမယ်။ ဘူးပြန်ထည့်ရမယ်။ တံခါးပြန်ပိတ်ရမယ်။ အား.. မလွယ်ပါလား။ တော်ပြီ.. တော်ပြီ…. ကိုယ့်ဟာကိုယ် နွားနို့သောက်တာပဲ ကောင်းတယ်။
မဖြစ်သေးဘူးနဲ့တူတယ်။ [...]

Read More

ပုန်းကွယ်နေသော ရှုထောင့်များ

ပုန်းကွယ်နေသော ရှုထောင့်များ

နှလုံးသားကညည်းသောသီချင်း

တစ်ညမှာ လူတစ်ယောက် သူ့သွားအိမ်ကိုသွားပြီး သားလုပ်တဲ့သူကို ခဏထိုင်ခိုင်းတယ်။
“ဒီနေ့ ဖေဖေ အထူးတကာ့ အထူးခြားဆုံးကိစ္စတစ်ခု ကြုံခဲ့ရတယ်၊ ဖေဖေရုံးခန်းထဲမှာ ရှိနေတုန်း လက်ထောက်တွေထဲကတစ်ယောက်က အခန်းထဲဝင်လာပြီး ဖေဖေ့ကို လေးစားတယ်လို့ပြောရင်း ထိုးထွင်းမှုအရှိဆုံးဥာဏ်ကြီးရှင် တစ်ယောက်ဖြစ်နေလို့ဆိုပြီး အပြာရောင်ဖဲပြားတစ်ခုပေးသွားတယ်လေ။ ပြီးတော့ သူက“ထူးခြားကွဲပြားမှုတစ်ခုပြုလုပ်သောသူ”ဆိုတဲ့ စာတန်းပါတဲ့ အဲဒီဖဲပြားလေးကို ဖေဖေ့နှလုံးသားထက်မှာရှိတဲ့ အပေါ်အကျီင်္မှာ တပ်ပေးသွားသေးတယ်။ ဒီည ဖေဖေကားမောင်းလာရင်းနဲ့ ဒီဖဲပြားနဲ့ ဘယ်သူ့ကိုဂုဏ်ပြုပေးရရင် ကောင်းမလဲဆိုပြီး စဉ်းစားလာခဲ့တာ.. ပြီးတော့ သားကို စဉ်းစားမိသွားတယ်။ ဖေဖေသားကို ဂုဏ်ပြုချင်တယ်”ဆိုပြီး ပြောတယ်။
“ဖေဖေရဲ့ နေရက်တွေဟာ အသက်မပါခဲ့ဘူး.. ပြီးတော့ ဖေဖေအိမ်ပြန်လာရင် သားကို ဂရုမစိုက်မိဘူး။ တစ်ခါတစ်လေဆို ကျောင်းမှာအဆင့်ကောင်းကောင်းမရလို့တို့၊ အခန်းထဲမှာ ရှုပ်ပွနေလို့တို့ ပြောပြီးသားကို အော်တတ်သေးတယ်နော်။ ဒါပေမဲ့ ဒီနေ့ညတော့ တစ်မျိုးကွ၊ ဖေဖေ ဒီနေရာလေးမှာပဲ ထိုင်နေချင်ပြီး [...]

Read More

စကားပြောမလား စာရေးမလား

စကားပြောမလား စာရေးမလား

ကွန်ယက်… လူသားများကို လွှမ်းခြုံထားသော ကွန်ယက်
ကျွမ်းဝင်ရင်းနှီးစေသော ကွန်ယက်…. တစ်ပြိုင်တည်းတွင် လျှို့ဝှက်ဖုံးကွယ်တတ်သော ကွန်ယက်
နွေးထွေးမှုကိုပေးသော ကွန်ယက်.. တစ်ပြိုင်တည်းတွင် ပျင်းရိခြောက်ကပ်စေတတ်သော ကွန်ယက်
လျင်မြန်မှုကိုပေးသော ကွန်ယက်.. တစ်ပြိုင်တည်းတွင် နှေးကွေးလေးလံစေသော ကွန်ယက်
ပျော်ရွှင်မှုကိုပေးသော ကွန်ယက်… တစ်ပြိုင်တည်းတွင် ဒုက္ခများစေတတ်သော ကွန်ယက်ထိုကွန်ယက်အတွင်းတွင် ကျွန်မတို့ပျော်မွေ့ကြသည်။ ထိုကွန်ယက်စုန်ရာသို့ စီးမျောနေကြသည်။
ကွန်ယက်အတွင်းတွင် ရယ်မောကြသည်။ ငိုကြွေးကြသည်။
ကွန်ယက်အတွင်းတွင် မိတ်ဆွေဖြစ်ကြသည်။ ရန်သူများကြသည်။
ကွန်ယက်အတွင်းတွင် ရင်ခုန်ကြသည်။ နွမ်းလျကြသည်။
ကွန်ယက်အတွင်းတွင် ရှင်သန်ကြသည်။ သေဆုံးကြသည်။
ယင်းကွန်ယက်က မည်သည့်အရာများကို စွမ်းဆောင်ပေးနိုင်ပါသနည်း။
တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောရုံသက်သက်လော။
အလွမ်းပြေစေရန် ကြားခံနယ်နိမိတ်သက်သက်လော။
ကစားနည်းများကစားရန် ကစားကွင်းတစ်ခုလော။
သို့တည်းမဟုတ်… အမည်နာမများ၊ ကိုယ်ပိုင်မျက်နှာများကို အလွဲသုံးရန်လေဟာနယ်သက်သက်လော။
ကွန်ယက်အတွင်းတွင် အလိုရှိရာစွမ်းဆောင်နိုင်သည်ဟု ဆိုကြသည်။
သို့သော်လည်း အချို့က စကားပြောခြင်းကို အသည်းခိုက်ကြသည်။
အချို့က စာရေးခြင်းတွင် အသည်းနှလုံးကိုစတေးကြသည်။
သို့ဆိုလျှင် စကားဆိုခြင်းနှင့်စာရေးခြင်း မည်သို့ကွဲပြားပါသနည်း။
ကွန်ယက်ထဲတွင် စကားပြောခြင်းသည် ဝေးကွာနေသော နယ်နိမိတ်ကို ချုံ့ပေးနိုင်သည်။ ရင်းနှီးသူများနှင့် ဆက်နွယ်မှုကို နွေးထွေးအောင် [...]

Read More

နေ့အိပ်မက်အတွက်နငယ်

နေ့အိပ်မက်အတွက်နငယ်

သင့်နာမည်ဘာလဲ… နေ့အိပ်မက်
စကားလုံးလေးလုံးနဲ့စာလုံး… နာရီလက်တံ
ကောင်လေးတစ်ယောက်နာမည်… နိုင်းနိုင်း(မကြိုက်ပါ.. ရေးစရာမရှိ၍ ရေးရသည်)
ကောင်မလေးတစ်ယောက်နာမည်… နှင်းပွင့်ဖြူလေး(:P)
အလုပ်တစ်ခု…. နွားနို့ကုလား(ဒါလည်းအလုပ်ပဲ)
အရောင်တစ်ရောင်…. နို့နှစ်ရောင်
သင်ဝတ်တဲ့တစ်ခုခု….. နားကပ်(အမှန်တော့ နားပေါက်တောင်မရှိဘူး. )
စားစရာတစ်ခု…. နံပြား
ရေချိုးခန်းထဲကတစ်ခုခု… နံရံ(မဟုတ်လို့လား… )
နေရာတစ်ခု…. နှင်းတော(သွားချင်လိုက်တာနော်)
နောက်ကျရတဲ့အကြောင်းပြချက်… နေဖင်ထိုးမှနိုးလို့…. (တကယ့်အမှန်တရားပဲ.. ဒါက)
သင်အော်တတ်တဲ့တစ်ခုခု.. နင့်အပူလား (အမြဲပြောတတ်ပါ၏.. သတိထားတော်မူကြပါကုန်.. )
ရုပ်ရှင်ကားနာမည်… နွေဦးပုံပြင် (မှတ်မိကြလားတော့မသိ..နေ့အိပ်မက်ပေါက်စတုန်းက မြ၀တီက ဂျပန်ကားလေ)
သောက်စရာတစ်ခုခု…. နာနတ်ရည်(သောက်တတ်သည် မဖျော်တတ်ပါ)
ဂီတအဖွဲ့တစ်ဖွဲ့….. နိုး
တိရစ္ဆာန်တစ်ကောင်… နွား
လမ်းတစ်လမ်းနာမည်…. နှစ်လမ်း
ကားတစ်မျိုး… နိဗ္ဗာန်ယာဉ်(ဘယ်သူများ စီးချင်လဲမသိ.. )
သီချင်းတစ်ပုဒ်ခေါင်းစဉ်…. နင်နဲ့ငါနဲ့၊ ငါနဲ့နင်နဲ့ (စိုင်းစိုင်းသီချင်းထဲက မနည်းရှာထားရတာ.. နငယ်နဲ့စတာကို)
ကြိယာတစ်ခု… နှင်ထုတ်သည်(ဘယ်သူ့ကိုမှမဟုတ်ရပါ)
စာကြွင်း။ ။သူများတွေရေးကတည်းက ရေးချင်နေတာ… ဘယ်သူ့မှမတဂ်လို့ နေနေရတာ… [...]

Read More

တစ်မျိုးဆန်သောရေ….

တစ်မျိုးဆန်သောရေ....

သမီးလေးက အသန့်ကြိုက်တာရဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ စကားလုံးနဲ့ ပြောပြလို့မရအောင်ကို ရွံတတ်တာလေ။ ဟိုးပေါက်စလေး အရွယ်ကတည်းက သူများကလေးတွေဆော့သလို ဖုန်တွေပေနေတဲ့နေရာတို့၊ မြေကြီးပေါ်မှာတို့ မဆော့တတ်ဘူး။ အိမ်ထဲမှာပဲ စာဖတ်လိုက်၊ အရုပ်တွေနဲ့ဆော့လိုက်လုပ်ပြီး ငြိမ်ငြိမ်ဆိမ်ဆိမ်နေတတ်တဲ့ ကလေးမလေးလေ။ ဧည့်သည်တွေလာလည်လို့ ကလေးတွေပါလာရင်တောင် တူတူဆော့ဖို့က မနည်းဖျားယောင်းရတယ်။ အဲဒီကလေးတွေသန့်လားမသန့်လားက အရင်ကြည့်တတ်သေးတာကိုး။
ကျောင်းနေတဲ့အရွယ်ရောက်တော့ ပိုဆိုးပေါ့။ ထမင်းဘူးတွေ ရေဘူးတွေကို သူ့ရှေ့မှာ ဆေးပြရတယ်။ ခဲတံဘူးတွေဆိုလည်း အရာမထင်အောင်ထားတယ်။ ချွန်စက်သုံးတတ်ပေမဲ့ ခဲတံချွန်ထားတဲ့အမှိုက်တွေ၊ ခဲမှုန့်တွေ မပေအောင် သုံးတတ်တာ။ အရွယ်နဲ့ မလိုက်လွန်းအောင်ကို အသန့်ကြိုက်တဲ့ ကောင်မလေးပေါ့။  မိုးတွင်းဆိုလည်း မိုးကာတွေကို သေချာလှန်းပေးမှ။ မဟုတ်လို့ကတော့ ၀တ်ခါနီး အနံ့ရရင် အာပြဲကြီးနဲ့ အသံကုန်ခြစ်အော်တော့တာပဲ။ အကျီင်္အဖြူတွေဆိုလည်း နည်းနည်းမှပေလို့မရဘူး။ မိုးတွင်းဆို အ၀တ်လျှော်ရတာ အသည်းအသန် ဂရုစိုက်ရတယ်။ ဖားဥများစွဲသွားလို့ကတော့ [...]

Read More

လ၀ဆွဲမသတ်ဝစ္စနှစ်လုံးပေါက်

လ၀ဆွဲမသတ်ဝစ္စနှစ်လုံးပေါက်

အရာရာကို လွမ်းသည်။ အဘယ်ကြောင့်နည်း မမေးပါနှင့်။ လွမ်းချင်၍ လွမ်းပါသည်။ လွမ်းသင့်၊ မလွမ်းသင့် မသိချင်ပါ။ မသိလိုပါ။ မသိနိုင်ပါ။
တစ်ခါတုန်းက တက္ကသိုလ်ရိပ်သာလမ်းကို လွမ်းသည်။ တစ်ချိန်တုန်းက ညနေငါးနာရီများကို လွမ်းသည်။ မိုးစက်များကိုလည်း လွမ်းသည်။ ပါရမီအထူးကားများကိုလည်း လွမ်းသည်။ ပျောက်ဆုံးသွားခဲ့သော ယပ်တောင်ငယ်ကိုလည်း လွမ်းပါသည်။ လွမ်းဖူးပါသည်။ လွမ်းနေပါသည်။ လွမ်းချင်ပါသည်။ လွမ်းပါလိမ့်ဦးမည်။
တစ်နှစ်တွင် တစ်ရက်သာဝတ်သော အကျီင်္အဖြူရောင်ကိုလွမ်းသည်။ ဘေဘီလေးကို စတွေ့သည့်နေ့ကိုလည်း လွမ်းသည်။ အမြွာနှစ်ကောင်ကိုလည်း လွမ်းသည်။ ပေါက်စီကိုလည်း လွမ်းသည်။ မြန်မာကားများကိုလည်း လွမ်းသည်။ တစ်လတစ်ကြိမ်စားသော ရေခဲမုန့်ကိုလည်း လွမ်းသည်။ အဆုံးစွန်ထိ လွမ်းလိုပါသည်။ လွမ်းနေလိုပါသည်။
လွမ်းရသော အရသာသည် ချိုပါသလော.. ခါးပါသလော။ အရေးမကြီးပါ။ သိခွင့်မရှိလည်း အရေးမပါပါ။ အဓိကကျသည်က လွမ်းသည်။ လွမ်းသည်။ [...]

Read More