အရိုးရှင်းဆုံးဝေါဟာရ

လန်းစွင့်နေတဲ့ပန်းတွေက လှပခြင်းရဲ့ ချစ်စရာတစ်ကွက်ပဲပေါ့။ ကျွန်မဆိုရင် အိမ်နီးချင်း၊ သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ယောက်ကိုပေးဖို့ ပန်းတစ်စည်း ဒါမှမဟုတ် အကောင်ဆုံးနှင်းဆီတစ်ပွင့်ကို ၀ယ်နေကျပေါ့။
တစ်မနက်မှာတော့ ကျွန်မအတွက်ပဲ သိပ်မွှေးတဲ့ ရိုးတံရှည်နှင်းဆီလှလှတစ်စည်းကို ၀ယ်ခဲ့ပါတယ်။ ဒီပန်းတွေက ကျွန်မမျက်စိထဲမှာ ကွက်တိကို သိမ်မွေ့လှပနေတာလေ။ ဒီဟာတွေက ကျွန်မကို ဘယ်လောက်တောင် ၀မ်းသာအောင်လုပ်နိုင်လဲလို့ တွေးမိလိုက်တဲ့အချိန်မှာ “သူငယ်ချင်းတစ်ယောက်ယောက်ကို ပေးလိုက်ပါလား”ဆိုတဲ့ နူးညံ့တဲ့အသံတစ်သံကို ကြားလိုက်ရတယ်။
ကျွန်မအိမ်ထဲကို တန်းဝင်သွားပြီး နှင်းဆီတွေကို ပန်းအိုးတစ်အိုးမှာ အလှဆင်လိုက်တယ်။ ပြီးတော့ စာတိုလေးကို တိုနိုင်သလောက်တိုအောင်“ငါ့ရဲ့သူငယ်ချင်းအတွက်”လို့ ရေးလိုက်တယ်။ ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်တဲ့ အိမ်နီးချင်းဆီ လမ်းအတိုင်းလျှောက်သွားပြီး ပန်းစည်းကို အိမ်ရှေ့တံခါးမှာ ချထားလိုက်တယ်။
အဲဒီနေ့ပြီးတဲ့နောက်မှာတော့ ကျွန်မသူငယ်ချင်းက ကျေးဇူးလှမ်းတင်ပါတယ်။ သူက ပန်းတွေက တကယ် ကျက်သရေရှိတယ်လို့လည်း ပြောပါတယ်။ မပြောခင်ညက သူက သူ့ကလေးတစ်ယောက်နဲ့ အငြင်းအခုံဖြစ်တယ်လေ။ ဆယ်ကျော်သက်တွေ တစ်ခါတစ်လေဖြစ်တတ်တဲ့အတိုင်းပဲ သူ့ကလေးက သူ့ကို“အမေ့မှာ သူငယ်ချင်းမရှိဘူးလို့” ရက်ရက်စက်စက်ပြောသွားတယ်။ ဘယ်လောက်တောင်အံ့သြဖို့ကောင်းလဲ။ အဲဒီနေ့မနက် သူအလုပ်သွားဖို့ ထွက်လာတဲ့အချိန်မှာ သတိထားခဲ့မိတာက ကျက်သရေရှိတဲ့ပန်းတွေမဟုတ်ဘဲ “ငါ့ရဲ့သူငယ်ချင်းအတွက်”လို့ ရေးထားတဲ့ ရိုးရိုးစာလေးဖြစ်နေတယ်ဆိုတာလေ။
ဝန်ခံချက်။ ။Robeta tremblayရေးတဲ့ a cup of chickne soup for the soul ထဲက စာလေးတစ်ပုဒ်ကို ဘာသာပြန်လိုက်တာပါ







သူငယ်ချင်းလေးပါပဲ။ သူငယ်လေးလေးပဲတဲ့ကွယ်။ ဒီလို အကြိမ်ကြိမ်အခါခါ
ပြောပါတယ်။ ချစ်ရသူရေ။။ အဟဲ
သူငယ်ချင်း ဆိုတာ ခံစားချက်တွေကို မျှဝေခံယူ နိုင်သော ပုဂ္ဂိုလ်တွေပါ..
သူငယ်ချင်း မိတ်ဆွေကောင်းများ ပေါများစွာ ရရှိနိုင်ပါစေ လို့…
အာဝါးးးးးးးးးးးးးးးးး
အရိုးရှင်းဆုံးလေးပါပဲ သူငယ်ချင်းဆိုတာလဲ အရိုးရှင်းဆုံးသော ဆုတစ်ခု လို့ထင်ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
အရိုးရှင်းဆုံးနဲ့ အလှပဆုံးစာလေးပါပဲ
သူငယ်ချင်း…တဲ့
ခံစားချက်လေးတွေ အများကြီးပေးသွားတယ်
ကျေးဇူးညီမလေး
ဒါပေါ့… ဒါပေါ့။
နေ့အိမ်မက်ဘာသာပြန်တာ တကယ်စာချောတယ်။ တို့များပြန်လိုက်လို့ကတော့ မူရင်းပါပျက်တာပဲ။
နေ့အိပ်မက်က သိပ်တော်တာပဲ….
အဲ လို ပဲ မန့်ခဲ့ပါတယ်
အရိုးရှင်းဆုံးဘဝလေးဆိုတာသူငယ်ချင်းလေးဆိုတာကို အားပေးသွားတယ်နော် အဆင်ပြေပျော်ရွှင်ပါစေနော်။
ခင်မင်စွာဖြင့်
ကိုတိုးလေး
ကောင်းတယ်ညီမလေး
သူငယ်ချင်းဆိုတာ ထာဝရအတွက်ပဲ မဟုတ်လား..
နေ့အိပ်မက်ရေ
ဘာသာပြန်လေးလာဖတ်တယ်နော်
ချစ်ခင်လျက်
ဘာသာပြန်လေးကထိမိပါတယ် ရှင် မတွေ့တာကြာပြီနော် ပြန်ရေးလို့ ၀မ်းသာပါတယ် ညီမ